ဘားအံ ဇူလိုင် ၁၆
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့တွင် စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅)ကို ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဖွင့်လှစ်သည်။
သင်တန်းတွင် ပြည်သူ့စာကြည့်တိုက်များ၏ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာကြည့်တိုက်စီမံခန့်ခွဲမှု လက်စွဲပါအတိုင်း မျိုးတူပြုစုခြင်း၊ ပြည်သူ့စာကြည့်တိုက်များ၏ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်နှင့် ကျောင်းစာကြည့်တိုက်များ ထူထောင်ဖွဲ့စည်းခြင်း၊ စာကြည့်တိုက်အသုံးပြုသူများအား ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် ကလေး ငယ်များ စာကြည့်တိုက်တွင် ပျော်ရွှင်လာစေရန်ဆောင်ရွက်ပေးခြင်းနှင့် ရပ်ကွက်/ကျေးရွာ၊ ကျောင်း စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးဘာသာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ရှိသူများတို့က စာတွ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဘားအံမြို့အတွင်း ရပ်ကွက်/ကျေးရွာစာကြည့်တိုက်မှူးများ၊ အခြေခံပညာ ကျောင်းများတွင် စာကြည့်တိုက်လုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများ စုစုပေါင်း သင်တန်းသားသင်တန်းသူဦးရေ ၆၀ တက်ရောက်ခဲ့ပြီး ဇူလိုင်၁၅ရက်မှ ၁၇ရက်အထိ ပို့ချခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)