ကရင်ပြည်နယ်

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး တိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်း  လမ်းအသုံးပြုသူ   မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် မောင်းနှင်သူများအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေး  စစ်ဆေးဆောင်ရွက်ခြင်းကို  မေလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီက အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဘုရားကြီးကျောင်းရှေ့နှင့် မြို့နယ် အကောက် ခွန်ဦးစီးဌာနရုံးရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။          

ဘားအံမြို့ သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးတည်ဆောက်ပြီးစီးရေး တတိယအကြိမ် အလှူငွေ ပေးအပ်လှူဒါန်း

ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး (၄) ထပ်အဆောက်အဦ တည်ဆောက်ပြီးစီးရေးအတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါဗိမ္မာန်တော်ကြီး၏ မြေညီထပ်၌ ကျင်းပသည်။

ဘားအံမြို့ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် တိုးပွားလာသော ကျောင်းသားဦးရေနှင့်အညီ သင်ကြားရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေ (၄၆၀ ဒဿမ ၆၅၅) သန်းဖြင့် Phyoe Htet And Associates ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော (၁၄၀ x ၃၀) ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းဆောင်သစ်ရှေ့ ၌ ကျင်းပသည်။

​​​​​​​လိပ်သိုမြို့ပေါ်၌ ဒေသထွက်သရက်သီးများ စျေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သော သရက်ပင်များကို စိုက်ပျိုးထားကြပြီး သရက်သီးများခူးယူရောင်းချရာ စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုမြို့တွင် ဒေသထွက်မျှစ်ပြုတ်များ လိုက်လံရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးဉီးကာလ မျှစ်များပေါ်ဉီးစချိန်၌ ဒေသခံများမှာ တောတောင်များနှင့် တောင်ယာခင်းများရှိ ဝါးပင်များမှ မျှစ်များကို လိုက်လံချိုးယူပြီး မျှစ်ပြုတ်များ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရလျက် ရှိနေကြောင်း သိရသည်။

မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

 တောင်သူ(၁၂၀)ဦးအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်(၁၀၉၆ ဒဿမ ၅၀)သိန်းထုတ်ချေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးရေးနှင့်ချေးငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုနှင့်သေဆုံးထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းကျဆင်း

ကရင်ပြည်နယ်အတွင်း ယာဉ်မောင်းနှင်စီးနင်းသူတိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိလိုက်နာစေရေး အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့်အတွက် ယာဉ်မတော်တဆမှုနှင့်သေဆုံးထိခိုက်ဒဏ်ရာရရှိမှု သိသိသာသာ လျော့နည်းလာကြောင်း မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၃/၂၀၂၅) လုပ် ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

လိပ်သိုမြို့၌ မိုးဉီးကျကာလ မုန်ညင်းပင်များ စိုက်ပျိုးလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိုးဉီးကျကာလ၌ စားဖိုဆောင်သီးနှံအမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြရာ မုန်ညင်းပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိနေကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများအကြား အချင်းချင်းအချိတ်အဆက်မိမိဖြင့် ပိုမိုထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကရင် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၂) ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်