သံတောင်ကြီးဒေသထွက် ရာသီစာမျှစ်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

သံတောင်ကြီး ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ ဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်ရာသီစာ မျှစ်များ ဝယ်လိုအားကောင်းခြင်းသော်လည်း ယခု ဇူလိုင်လဒုတိယပတ်တွင် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက်  မျှစ်များမှာ ဉယျာဉ်ခြံများနှင့် တောတောင်များတွင် သဘာဝအပေါက်ရောက်ပြီး မျှစ်ပေါ်ချိန် ဇူလိုင်လတွင် ဒေသခံပြည်သူများက လိုက်လံချိုးယူရောင်းချကာ သံတောင်ကြီးမြို့ရှိ မျှစ်အဝယ်ဒိုင်များထံတွင် ရောင်းချကြရာ မျှစ်ပေါ်ခါစတွင် တစ်ပိဿာကို ကျပ် (၁၀၀၀) အထိရရှိပြီး ယခုအချိန် မျှစ်များ လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာကျပ် (၁၀၀၀) ရရှိကြကြောင်း သိရသည်။ မျှစ်ပေါ်ချိန်တွင် လူတစ်ဦးသည် တစ်ရက်လျှင် မျှစ်ပိဿာ (၂၀) အထိ ချိုးယူရရှိသည့်အတွက်တစ်ရက်လျှင် ငွေကျပ် (၂၀၀၀၀) အထိရရှိခြင်းကြောင့် မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း မျှစ်လိုက်လံချိုးယူရောင်းချသူ ဦးစောတီးတူထံက သိရသည်။

အဆိုပါ သံတောင်ကြီးမြို့ရှိ မျှစ်အရောင်းအဝယ်လုပ်ကိုင်သူများက တောင်ငူမြို့ မျှစ်ရောင်းဝယ်လုပ်ကိုင်သူများထံ ပြန်လည်ရောင်းချခဲ့ပြီး တောင်ငူမြို့ရှိ မျှစ်ရောင်းဝယ်သူလုပ်ကိုင်သူများက မြန်မာနိုင်ငံအနှံ့သို့ ပြန်လည်တင်ပို့ရောင်းချကြကြေင်း သိရသည်။

နော်နော်မူ