ကရင်ပြည်နယ်

မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်၌ ပြည်သူကို မျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ခြင်း၊ ဆောင်ပုဒ် (၃) ရပ်ဖြစ်သည့်၊ ပြန်ကြားပေးရန် (Information)၊ ပညာပေးစည်းရုံးလှုံ့ဆော်ရန် (Education)၊ ဖျော်ဖြေပေးရန် (Entertainment)နှင့် လုပ်ငန်းတာဝန် (၁၀) ရပ်တွင် ပါဝင်သည့် ပြည်သူများ အသိပညာ မြင့်မားရေးနှင့် ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စသည့် ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်းရှိ  အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများမှ  အသက် ၉ နှစ် ပြည့်ပြီး  ၁၂ နှစ် မကျော်သော မိန်းကလေးများအား  သားအိမ်ခေါင်းကင်ဆာရောဂါ  ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင်   မြဝတီခရိုင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်၌ ကျင်းပသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၌ လူငယ်စကားဝိုင်းကျင်းပ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်အားပေး

အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က အဆိုပါအထက်တန်းကျောင်း နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျောင်းသား/ကျောင်းသူများက GTHS(ဘားအံ) ကျောင်းတော်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။

ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာနတွင် ရုပ်ပုံပြပုံ‌‌ပြောပြိုင်ပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂ ) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဗဟုသုတရရှိစေရေး အသိပညာပေးဟောပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းစာသင်ကြားမှုအပြင် ပြင်ပဗဟုသုတရရှိစေရေးအတွက် ဌာနဆိုင်ရာအလိုက် လစဉ်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာယနေ့နံနက် ၁၀ နာရီက အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)မှတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးအောင်လင်းဌေးနှင့် တပ်ဖွဲ့ဝင်များက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဗဟုသုတများကို အသိပညာပေး ဟောပြောသည်။

မြဝတီမြို့၌ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားရရှိစေရေးတို့အတွက် ဆောင်းနေကြာ စိုက်ပျိုးမည့်   တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက  မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည်။

ကမမောင်းမြို့ထွက် ငှက်ပျောများ ရောင်းအားကောင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အထက်မီးဇိုင်းကျေးရွာတွင် ငှက်ပျောအမျိုးမျိုး စိုက်ပျိုးကြပြီး ထွက်ရှိသည့် ငှက်ပျောများကို ကမမောင်းဈေးတွင်ရောင်းချကြသကဲ့သို့ ငှက်ပျောပွဲစားများက ခြံများအထိ လာရောက်ဝယ်ယူကြခြင်းများလည်းရှိသည့်အတွက် ငှက်ပျောများ ရောင်းအားကောင်းလျက်ရှိကြောင်း အထက်မီးဇိုင်းကျေးရွာ ငှက်ပျောစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

လိပ်သိုမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ကို လိပ်သိုမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ (မူလွန်) မဲပရကျောင်း၌ အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/လူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်ရွယ်၍ ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ (မူလွန်)မဲပရကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ လုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်