လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

လှိုင်းဘွဲ စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများက ကြီးကြပ်၍ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ ထုတ်ယူရာတွင် စနစ်တကျ ရှိစေရေး၊ လိုအပ်သော အချက်အလက်များအား မှန်ကန်စေရေးအတွက် နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီအထိ ထုတ်ပေးလျက်ရှိပြီး လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းဦးရေ (၈၀၀) ဦး ကျော်ရှိကြောင်းနှင့် ရပ်နီး၊ ရပ်ဝေး ပင်စင်စား အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လာရောက်ထုတ်ယူရာတွင် ပိုမိုလွယ်ကူအဆင်ပြေ ချောမွေ့စေရန်အတွက် ပင်စင်လစာများကို တစ်ရက်တည်းသာ ထုတ်ပေးခြင်း မဟုတ်ဘဲ လစဉ် (၂၁) ရက်နေ့ နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

စောဖိုးခွါး (ပြန်/ဆက်)