ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာနတွင် ရုပ်ပုံပြပုံ‌‌ပြောပြိုင်ပွဲပြုလုပ်

ကလိန်အောင်  စက်တင်ဘာ   ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန် အသိပညာဗဟုသုတများ တိုးပွားစေရန်၊  ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂ ) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က ပြိုင်ပွဲများပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် အ.ထ.က(ကလိန်အောင်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဘွဲကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည် "အစွမ်းကိုယ်စီ ရှိကြသည်" ဆိုသည့် ရုပ်ပုံပြပုံပြင်‌ကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူ ကျောင်းသား/သူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)