ကရင်ပြည်နယ်

ကေ့ာကရိတ်မြို့ အ.မ.က(၁၆)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က အ.မ.က(၁၆) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။

မြဝတီမြို့ရှိ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် ဌာနဆိုင်ရာအလိုက် လစဉ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)နှင့် အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)တို့ ပူးပေါင်း၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျရောစပ် ကြဲပက်

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာရောစပ်ကြဲပက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ကွင်းအမှတ်- ၁၄၂၄(ခ)၊ ထီလုံအလယ်ကွင်း၊ တောင်သူဦးရာမူးပါ ၂၅ ဦး၏မိုးစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

ကမမောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အသက် (၉) နှစ် ပြည့်ပြီး (၁၂)နှစ် မကျော်သေးသည့် မိန်းကလေးများအားလုံးကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV) စနစ်တကျ စတင်ထိုးနှံနိုင်ရေး အခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ပြုလုပ်

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက်  Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်  ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များ အား စာဖတ်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်  ၁၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေး ဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ယူနေသည့် ကျောင်းသား/လူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရေးရန်အတွက် အသိပညာပေးရေးလုပ်ငန်းများကို စက်တင်ဘာလ ၁၈ ရက်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများတို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ် မကျော်သေးသည့် ကျောင်းသူများအား ပညာရေးဌာန၏ လမ်းညွှန်မှုနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းမှုဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာကျောင်းမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးစတင်ထိုးနှံ၊ ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမဆောင်၌ ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံခြင်းနှင့် အသိပညာပေး ရှင်းလင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ကို အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူများ အား ထိုးနှံခြင်းကို  အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်‌ရေးမှူးသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်‌‌ရေးစခန်း(ဘားအံ)မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်တွင် ဖွင့်လှစ်ကြောင်း သိရှိရသည်။
Subscribe to ကရင်ပြည်နယ်