ကရင်ပြည်နယ်

ပိုင်ကျုံမြို့ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာခင်မောင်ဌေး ရေးသားသည့် ခေတ်ပညာရေးနှင့် ခေတ်အမြင်ခေတ်အတွေး စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီ အချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့ရှိ ပြည်သူများအား ဆန်များ အခမဲ့ထောက်ပံ့ပေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ညနေပိုင်းက မြို့နေပြည်သူများအတွက် ဆန်များထောက်ပံ့ပေးခဲ့သည်။

ကျုံဒိုးမြို အ.ထ.က​ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယနေ့ နံနက် ၁၀ နာရီအချိန်က ကျုံဒိုးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ  ကျောင်းအုပ်ဆရာကြီးဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တာဝန်ယူမှုတာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပေါ်ပေါက်လာရေးအတွက် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

ကရင်ပြည်နယ်အတွင်း တာဝန်ယူမှုတာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပေါ်ပေါက်လာရေးအတွက် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ပြုလုပ်သည့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို မြို့ဦးစီးဌာနရုံးရှိ  Community Centre ခန်းမ တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့်  စာပေဖတ်ရှုမှု၊ စာဖတ်ရှိန်စဉ်ဆက်မပြတ်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်၁၀နာရီကအမှတ် (၂)နှင့်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေးသည်။

လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အနာဂတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် တန်ဖိုးရှိသည့် အနာဂတ်လူငယ်များ ဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့တွင် သပြေပန်းပင်များ စိုက်ပျိုးရောင်းချနေရသည့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် သပြေပန်းစိုက်ပျိုးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ သပြေပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ​ရာ သပြေပန်းပင်သည် တစ်ကြိမ် စိုက်ပျိုးထားပါက စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင်  နေ့စဉ်ပန်း အညွှန့်ကိုင်းများအား ဖြတ်တောက်ပြီး ရောင်းချရသဖြင့် နေ့စဉ်ဝင်ငွေရရှိသော ပန်းပင်တစ်မျိုးဖြစ်ကာ ဘုရားပန်းတင်ရာတွင်လည်း တာရှည်အထားခံသောကြောင့် ဝယ်သူများ ကြိုက်နှစ်သက်ကြောင်း  ကမမောင်းမြို့ အထက်မီးဇိုင်းကျေးရွာမှ တစ်နိုင်တစ်ပိုင် သပြေပန်းပင်များ စိုက်ပျိုးထားသည့် ပန်းစိုက်တောင်သူထံမှ သိရသည်။

ပိုင်ကျုံမြို့ အ-မ-က တနင်းသရောကျောင်း၌ အသိပညာ‌ပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ  ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်ရွယ်၍ စက်တင်ဘာလ ၂၀ ရက်တွင် ပိုင်ကျုံမြို့ အ-မ-က တနင်းသရောကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်