ပိုင်ကျုံမြို့ အ-မ-က တနင်းသရောကျောင်း၌ အသိပညာ‌ပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ  ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ စက်တင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်ရွယ်၍ စက်တင်ဘာလ ၂၀ ရက်တွင် ပိုင်ကျုံမြို့ အ-မ-က တနင်းသရောကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိဌာနလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး  ကျောင်းသားလူငယ်များ သိရှိလိုက်နာ ရှောင်ရှားသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ပလတ်စတစ် ညစ်ညမ်းမှု၏ ဆိုးကျိုးအကြောင်းကို စကောကရင်ဘာသာဖြင့် ဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြသသည့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသားလူငယ်များက  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အသိပညာ‌ပေးလုပ်ငန်းဖြစ်သည့် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲများကို အခြေခံပညာကျောင်းများသို့ လစဉ်နယ်လှည့်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)