ပိုင်ကျုံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာခင်မောင်ဌေး ရေးသားသည့် ခေတ်ပညာရေးနှင့် ခေတ်အမြင်ခေတ်အတွေး စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဒေါ်မက်ဒေါနားက ရှင်သန်ခွင့်ပေးပါခေါင်းစဉ်ဖြင့် ဆွေးနွေးရာ “နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးသည်အဓိကကျကြောင်း ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း ကလေးသူငယ်များ ပညာတတ်မှသာ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် မိမိကလေးများ ပညာတတ်မြောက်ရေးအတွက် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြာပြီးနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ မိမိတို့၏ သဘောထားအမြင်များကို အသီးသီး ပြန်လည်ဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း အချင်းချင်းတစ်ဦးနှင့်တစ်ဦး စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြားလာနိုင်ပါကြောင်း သိရသည်။
နော်ခူး( ပြန်/ဆက် )