ဝေါလေမြိုင်မြို့ရှိ ပြည်သူများအား ဆန်များ အခမဲ့ထောက်ပံ့ပေး

ဝေါလေမြိုင် စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ညနေပိုင်းက မြို့နေပြည်သူများအတွက် ဆန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါဆန်များကို အေးမေတ္တာကုန်စုံဆိုင်ပိုင်ရှင် ဦးလှဦး၊ ဒေါ်စိုးစိုးနိုင် မိသားစုက လှူဒါန်းပေးခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဝေါလေမြိုင်မြို့ရှိ အိမ်ထောင်စု(၅၂၅)စုအတွက် စုစုပေါင်း ဆန်အိတ်(၆၀) ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

နှင်းဝေဦး(ဝေါလေ)