သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆောင်ရွက်

သံတောင်ကြီး စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီ အချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများအား နယ်လှည့်ကွင်းဆင်း၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြင့်  အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ သိရှိစေရန်၊   စာဖတ်ခြင်းဖြင့် အကောင်းဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သောသူများ ဖြစ်စေရန်၊  စာပေ၏ တန်ဖိုးကိုသိရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်အတွက် သုတစာအုပ်၊ ဝတ္တု၊ ဂျာနယ် ၊ မဂ္ဂဇင်း ၊ ပုံပြင် ၊ ရုပ်ပြ စသည့် စာအုပ်များ စုံလင်စွာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအပတ်စဉ် သောကြာနေ့တွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စောမင်းသား