ကရင်ပြည်နယ်

ဘားအံမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၈:၃၀)နာရီအချိန်ခန့်ကဘားအံမြို့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိမိတို့ပြည်နယ်သည် နှစ်ပေါင်း (၇၀) ကျော် လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ငြိမ်းချမ်းရေးကို အလိုလားဆုံးသော ပြည်နယ်တစ်ခုဖြစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ အဖွဲ့ဝင် ဦးစောဒယ်နီရယ်တို့နှင့်အတူ ယနေ့နံနက် ၁၁ နာရီခန့်က မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) ဘားအံသာသနာပိုင်နယ် ရှင်ပေတရုကသီဒြယ် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည့် ခရစ်ယာန်ငြိမ်းချမ်းရေး ဗဟိုကော်မတီမိတ်ဆက်တွေ့ဆုံ ဆုတောင်းခြင်းအစီအစဉ်သို့ တက်ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်သို့ လာရောက်လေ့လာလည်ပတ်ပြီး ထပ်မံလာရောက်လည်ပတ်ချင်စိတ်ရှိအောင် ခရီးစဉ်ဒေသများကိုပြင်ဆင်ထား

ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ (၉/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

လိပ်သိုမြို့တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူနိုင်မည့်အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်/မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ကော်မတီဝင်များသည် ယမန်နေ့မွန်းလွဲ(၁)နာရီချိန်က ကော့ကရိတ်မြို့ တံတားကျိုးစုပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်ယာဉ်များနှင့် ပြည်သူများကို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာ ရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို စက်တင်ဘာ ၂၁ ရက်မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်   ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာခင်မောင်ဌေး ရေးသားသည့် ခေတ်ပညာရေးနှင့် ခေတ်အမြင်ခေတ်အတွေး စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီ အချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့ရှိ ပြည်သူများအား ဆန်များ အခမဲ့ထောက်ပံ့ပေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ညနေပိုင်းက မြို့နေပြည်သူများအတွက် ဆန်များထောက်ပံ့ပေးခဲ့သည်။
Subscribe to ကရင်ပြည်နယ်