ကရင်ပြည်နယ်

လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များတိုးတက်စေရန်နှင့် စာကိုပြေပြေပြစ်ပြစ် တန်ဆာဆင်ရေးတတ်စေရန်အတွက် ရည်ရွယ်၍ စာစီ စာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂  နာရီခွဲအချိန်က မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

နောင်တစ်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာမည့် နိုင်ငံတော်ကို တည်ဆောက်ကြမည့် မျိုးဆက်သစ်ကလေးငယ်များကို ပြုစုပျိုးထောင်ပေးကြရသည့် ဆရာ၊ဆရာမများတို့သည် အရေးပါဆုံး သော ပုဂ္ဂိုလ်များပင် ဖြစ်သည်နှင့်အညီ ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား သိရှိစေရန်ရည်ရွယ်၍  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများကြည့်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်ပြပွဲကို လိပ်သိုမြို့  မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ  ဝဥပေါ်ချိန်၌ မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသထွက် စိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင် တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

(၆၈)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ကျရောက်မည့် (၆၈)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့က ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ယခင်နှစ်များထက်ပိုမိုပြီး ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့

ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ တစ်နှစ်တာအတွင်း မှုခင်းများဖော်ထုတ်အရေးယူနိုင်မှု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးပိုမိုဆောင်ရွက်နိုင်မှု၊ ပညာပေး၊ စည်းရုံးဆောင်ရွက်နေမှုများသည် ယခင်နှစ်များ ထက်ပိုမိုပြီး ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း ယမန်နေ့နံနက် ၈ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပသည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှ သိရသည်။

မြဝတီမြို့၌  ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်နေစေရန် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ   ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉  နာရီက အခြေခံပညာအထက်တန်းကျောင်း(ရွှေကုက္ကိုလ်မြိုင်)တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ မြို့နယ် ပညာရေးမှူးဦးမြင့်ဦး၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)နှင့် တရုတ်လှတိုက်နယ်ဆေးရုံတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့တွင် ပြည်သူများမှ ကိုယ်တိုင်စိုက်ပျိုး၊ ကိုယ်တိုင်မွေးမြူသော အသား၊ ငါးနှင့် စားဖိုဆောင်သီးနှံများအား အခွန်လွတ်ဈေးတွင် လာရောက်ရောင်းချပေးလျက်ရှိ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအရ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးကော်မတီတို့ပူးပေါင်း၍ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် စျေးရောင်း၊ စျေးဝယ်ပြုလုပ်သွားနိုင်စေရေးအတွက် အခွန်လွတ်စျေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်း လှိုင်းဘွဲမြို့ (ခ) ရပ်ကွက်၊ စာကြည့်တိုက်ကုန်းရှိ ဗိုလ်ချုပ်လမ်းတွင် ဖွင့်လှစ်ပေး၍ ဈေးများရောင်းချပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် စိုက်ပျိုးသော သီးနှံများနှင့် အသား၊ ငါးများအား အဆိုပါ အခွန်လွတ်ဈေး၌ လာရောက်ရောင်းချကြကြောင်း သိရသည်။

တတိယအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း

နေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေ အရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်