မြဝတီ အောက်တိုဘာ ၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ရွှေကုက္ကိုလ်မြိုင်)တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ မြို့နယ် ပညာရေးမှူးဦးမြင့်ဦး၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင်မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အသက်၁၈နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပေးပြီး ရွှေကုက္ကိုလ်မြိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေက အမှာ စကားပြောကြားပေးသည်။
ထို့နောက် ပြိုင်ပွဲဝင် အသက် ၁၃ နှစ်၊ ၁၆ နှစ်နှင့် ၁၈ နှစ်အောက် ဘောလုံးအားကစားသမားများ၊ အသင်းလိုက်အုပ်ချုပ်သူများက ကွင်းအတွင်းနေရာယူခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျောင်းကောင်စီ ကတိသစ္စာခံ ယူခြင်းကို ဆောင်ရွက်ပြီးပြိုင်ပွဲကို ကျင်းပခဲ့သည်။
သို့အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပပေးခြင်းအားဖြင့် ကျောင်းသား၊ကျောင်းသူများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အသင်းလိုက် စုပေါင်းဆောင်ရွက်တတ်သောအလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စနစ်သစ်ပညာရေးတွင် ဘက်စုံထူးချွန်ထက်မြက်နေစေရန် စသည့် ရည်ရွယ်ချက်ကောင်းတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)