ကရင်ပြည်နယ်

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကရင်ပြည်နယ်ကို မွေးဖွားသန့်စင်သောနေ့၊ ရာသီအချိန်အခါအရ ဆောင်းဦးကာလ သာယာသောအချိန် အခါသမယဖြစ်သည့် နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ ၁၉၅၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင်(၆၈)နှစ်သို့ ရောက်ရှိတော့မည်ဖြစ်ရာ ကရင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က  အမှတ်(၆) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။

လိပ်သိုမြို့တွင် ပျားဖွတ်ရာသီမရောက်မီ ဒေသထွက် သဘာ၀ပျားရည်စစ်စစ်များ ဈေးနှုန်း တည်ငြိမ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများ သောကြောင့် သစ်ပင်ကြီးများ အများအပြားရှင်သန်ပေါက်ရောက်လျက်ရှိရာ သစ်ပင်ကြီးများပေါ်တွင် ပျားအုံဖွဲ့၍ စွဲကပ်လျက်ရှိကြောင်း သိရသည်။ ဒေသထွက်သဘာ၀ ပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာ၀ပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချခြင်းကြောင့် ဝယ်ယူသူများပြား သော်လည်း ဈေးနှုန်းတည်ငြိမ်လျက်ရှိနေကြောင်း သိရသည်။

မြဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးများ မဆုံးရှုံးစေရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်က အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ(၃)လမ်း၊ စီအိုစီဘုရားကျောင်းဝင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ်သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေးအသိပညာပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်း အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ လှုပ်ရှားမှုရက်သတ္တပတ်အနေဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့နံနက်ပိုင်းက ဘားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးတောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်

ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ် စားသုံးနိုင်စေရေးအတွက် ဒေသတွင်း သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင် များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ခလောက် ထောင်ကျေးရွာအုပ်စု၊ ခလောက်ထောင်ရေလျှံကွင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအာဖြင့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်း

၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအာဖြင့် ယနေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှကြီးမှူး၍ ခရိုင်နှင့်မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ပြည်သူအကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ကြောင်း သိရသည်။

လိပ်သိုမြို့တွင် မျှစ်ချိုများပြုလုပ်ထုပ်ပိုးရောင်းချလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့်တွဲဖက်ပြီး မိုးဦးကျကာလတွင် ထွက်ရှိသည့် တောတောင်များတွင် သဘာဝအလျောက်ပေါက်ရောက်နေသော လူကြိုက်များသည့် မျှစ်များအား မျှစ်ချိုပြုလုပ်ကာ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးကာသိုလှောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် လက်ဖက်မွှေးဝယ်လိုအားကောင်းလာခြင်းကြောင့် ပိုမိုစိုက်ပျိုး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် လက်ဖက်မွှေးများ ဝယ်လိုအားကောင်းလာခြင်းကြောင့် ဒေသခံပြည်သူများ ပိုမိုစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း တွေ့ရသည်။

ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးခြင်းအထိမ်းအမှတ် ကျောင်းနေအရွယ်ကလေးများအား နို့တိုက်ကျွေး

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးခြင်း အထိမ်းအမှတ် ကျေးနေအရွယ်ကလေးငယ်များအား နို့တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၆)ရပ်ကွက်ရှိ၊ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ သွားရောက် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်