ကရင်ပြည်နယ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးဖွင့်လှစ်သော အရန်သားဖွား(၆)လသင်တန်းနှင့် လူထုကျန်းမာရေး လုပ်သား(၁)လသင်တန်းဆင်းပွဲကို အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။

ဘားအံမြို့၊ YuRi ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီခန့်က ဘားအံမြို့နယ်၊ YuRi ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၂၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်းတွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း စတင်အကောင် အထည်ဖော်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၂.၆၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခတ္တာလမ်းတွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မြတ်ဆရာပူဇော်ကန်တော့ပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား လူ့လောကတိုးတက်သာယာရေးအတွက် လိုအပ်ချက်ဖြစ်သည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးအောင် လမ်းပြခဲ့သောဆရာတို့၏ ဂုဏ်ကျေးဇူးကို သိရှိစေရန်ရည်ရွယ်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ  ဘက်စုံပညာထူးချွန်ထက်မြက်စေရန် လူငယ်စကားဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး   နိုင်ငံတော်၏  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် လူငယ်စကားဝိုင်းကို  ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့တွင် Book Clubအသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာခင်မောင်ညိုရေးသားသော "ဘဝတစ် လျှောက်အောင်မြင်ပျော်ရွှင်နည်း "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များတိုးတက်စေရန်နှင့် စာကိုပြေပြေပြစ်ပြစ် တန်ဆာဆင်ရေးတတ်စေရန်အတွက် ရည်ရွယ်၍ စာစီ စာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂  နာရီခွဲအချိန်က မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

နောင်တစ်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာမည့် နိုင်ငံတော်ကို တည်ဆောက်ကြမည့် မျိုးဆက်သစ်ကလေးငယ်များကို ပြုစုပျိုးထောင်ပေးကြရသည့် ဆရာ၊ဆရာမများတို့သည် အရေးပါဆုံး သော ပုဂ္ဂိုလ်များပင် ဖြစ်သည်နှင့်အညီ ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား သိရှိစေရန်ရည်ရွယ်၍  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများကြည့်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်ပြပွဲကို လိပ်သိုမြို့  မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ  ဝဥပေါ်ချိန်၌ မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသထွက် စိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင် တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်