ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ  ဝဥပေါ်ချိန်၌ မိသားစုအပိုဝင်ငွေရရှိ

ပိုင်ကျုံ  အောက်တိုဘာ   

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသထွက် စိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင် တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ဝဥပင်များကို သဘာဝပေါက်သည့် အပင်မျိုးဖြစ်ပြီးယခုအခါ သဘာဝဝဥပင်ပျားရှားပါးလာသည့်အတွက်  မိသားစုအပိုဝင်ငွေရရှိနိုင်ရန်  အိမ်ခြံမြေဝင်းအတွင်း၌သော်လည်းကောင်း၊  ဥယျာဉ်ခြံမြေများ၌ သီးညှပ်စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ သီးသန့်စိုက်ပျိုးမြေများ၌ သော်လည်းကောင်း  မိသားစုအပိုဝင်ငွေရရှိနိုင်ရန်အတွက် ပြန်လည်စိုက်ပျိုးကြရသည်။ စိုက်ပျိုးချိန်ကာလ (၁)နှစ်မှ(၃)နှစ်အထိ စိုက်ပျိုးရပြီး နှစ်ကာလကြာရှည်လေ ဝဥအထွက်နှုန်းကောင်းမွန်သည့် လဖြစ်သဖြင့် မြေဆီမြေသြဇာ ကောင်းမွန်သည့် မည်သည့်နေရာ ဒေသတွင်မဆို စိုက်ပျိုးနိုင်သည့် အပင်မျိုးဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ ၀ဥစိုက်တောင်သူများအနေဖြင့် ယခုနှစ်ဝဥပေါ်ချိန်၌ ဝဥအစိုတစ်ပိဿာလျှင် ၁၀၀၀ ကျပ် ရောင်းချရ၍   မိမိစိုက်ပျိုးထွက်ရှိသည့်ဝဥများ ရောင်းချရသည့်အတွက်  မိသားစုအပိုဝင်ငွေများ ပိုမိုရရှိစေပါကြောင်း ဝဥစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

နော်ခူး(ပြန်/ဆက်)