မြဝတီမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန် အပြီးဆောင်ရွက်မည်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားမှ သိရသည်။