ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် (၁/၂၀၂၃ ၊ ၂/၂၀၂၃) ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြင့်စိုးက သင်တန်းသူ သင်တန်းသား ကျောင်းသား/ကျောင်းသူများအား သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် (၁/၂၀၂၃၊၂/၂၀၂၃) အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)တွင် ဖွင့်လှစ်ခဲ့သည့် (အခြေခံ) ရှေးဦးပြုစုခြင်းသင်တန်းတွင် ထူးချွန်ဆုများရရှိကြသည့် သင်တန်းသား ကျောင်းသား/ကျောင်းသူများနှင့် သင်တန်းတက်ရောက်ပြီးမြောက်ခဲ့သည့် သင်တန်းသူ/သင်တန်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကြာအင်းဆိပ်ကြီးခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းအောင်လက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး