သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် စူဋ္ဌာမဏိစေတီတော်အား ရည်မှန်း၍ မီးပုံးပျံများလွှတ်တင်ပူဇော်
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွက်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သည်နှင့် အညီ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာ တရားဟောကြားတော်မူခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် စူဋ္ဌာမဏိစေတီတော်အား ရည်မှန်းပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ မီးပုံပျံလွှတ်တင်ပူဇော်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်က ဘားအံမြို့၊ သီရိကွင်း ၌ ကျင်းပသည်။