ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်သင်ကြားပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တွင် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့တွင် အမျိုးသမီးများဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်းတို့ကို မြို့ဦးစီးဌာနရုံးရှိ  Community Centre ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြင့်ဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းဆင့်သင် ဆရာဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြင့်ဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်းကြာ-လှိုင်ဝါးကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ၁၁၁ ဒဿမ ၁၇၅ သန်းဖြင့် ဝေပုံမြကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ နိုင်းကြာ-လှိုင်ဝါးကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

မြဝတီမြို့၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာအသိပညာပေးခြင်းနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်း သူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူမှုအပြင် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရေး အတွက် ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၃)ရပ်ကွက်၊ သစ္စာမဂ္ဂင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လူငယ်ရေးရာအသိပညာပေးခြင်းနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပပေးသည်။

လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာပေဖတ်ရှုသည့်အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော “စိတ်ကိုလှပအောင်ပြင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် ငရုပ်သီးများယခုနှစ်တွင် စျေးကောင်းရရှိ

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့သည် ရေခံမြေခံအခြေခံကောင်းသော မြို့ဖြစ်ပြီး စိုက်ပျိုးရေးကိုအဓိကထား ဆောင်ရွက်လျက်ရှိပြီး ဝဥ၊ တောင်ယာငရုပ်သီး၊ အစေ့ထုတ်ပြောင်း သီးနှံများအား စိုက်ပျိုးကြပြီး ယခုနှစ်၌ စုကလိမြို့မှ ထွက်ရှိသော တောင်ယာငရုပ်သီးများ ပေါများစွာ ထွက်ရှိသဖြင့် ဝယ်သူအကြိုက်တွေ့ပြီး ရောင်းချသည့်စျေးနှုန်းများ မြင့်တက်လျက်ရှိသည်။

သံတောင်ကြီးဒေသထွက် ကွမ်းသီးများဝယ်လိုအားလျော့နည်းပြီးဆေးနှုန်းကျဆင်း

 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်   သည် တောင်ပေါ်ဒေသဖြစ်ပြီး   ဒေသခံပြည်သူများမှာအများအားဖြင့်ဉယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့်အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်းတစ်ခုအပါအဝင် ဖြစ်ပြီးယခုနှစ် တွင်သံတောင်ကြီးဒေသ ထွက်ကွမ်းသီးများဝယ်လိုအားလျော့နည်းပြီး ဈေးနှုန်းကျဆင်းလျက်ရှိကြောင်းသိရသည်။

မြဝတီမြို့နယ်တွင်  (၃၀) ကြိမ်မြောက်  စာရေးတံမဲပွဲတော် ကျင်းပ

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊  သဒ္ဒါတရားထက်သန်မှု  ပြယုဒ်တစ်ခုဖြစ်သည့် စာရေးတံမဲပွဲတော်ကို  ယနေ့မွန်းလွဲ ၁ နာရီတွင်  ကရင်ပြည်နယ်၊   မြဝတီမြို့၊   အမှတ် (၂) ရပ်ကွက်၌  (၃၀) ကြိမ်မြောက်ကျင်းပရာ ကျောင်းတိုက် ၃၆ တိုက်တို့မှ သံဃာအပါး တစ်ထောင်ကျော် တက်ရောက်သည်။

လိပ်သိုမြို့တွင် အစေးလှီး ရော်ဘာပြားများ စတင်ထုတ်လုပ်လျက်ရှိ

သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သော ကျေးရွာများတွင် အစေးလှီးခြင်း၊ ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို စတင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်