ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၃၁

ဝါတွင်းကာလ၌ ဝါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များအား ဝါကျွတ်ကာလ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် အလှူရှင်ဒါယကာ/ဒါယိကာမများမှ နှစ်စဉ်ဆွမ်းဆန်စိမ်းဒါန ဆက်ကပ်လောင်းလှူမြဲဖြစ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ကြာအင်းဆိပ်ကြီး ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အများပြည်သူအလှူရှင်များမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပရိယတ္တိဘုန်းတော်ကြီးကျောင်းများမှ ပင့်ဖိတ်ထားသော ဆရာတော်/သံဃာတော် ရှင်သာမဏေများနှင့် မယ်သီလရှင်များအား အလှူခံစတင်ကြွချီရာ အမှတ်(၂)ရပ်ကွက်၊ စိုက်ပျိုးရေးလမ်းမှတဆင့် အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)ရပ်ကွက်မှ ဗိုလ်ချုပ်လမ်း အမှတ်(၁)ရပ်ကွက်အထိ အလှူတော်ခံယူရာ လမ်းတစ်လျှောက်၌ အလှူရှင် ဒါယိကာ/ဒါယိကာမများမှ ကုသိုလ်အကျိုးမျှော်ကိုး၍ ဆွမ်းဆန်စိမ်းအလှူဒါနအား စည်းကားစွာဖြင့် စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး