ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသူကျောင်းသားများ၊ ဒေသခံ ပြည်သူများက မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန် ယမန်နေ့နေ့လည် (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သံတောင်ဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ ရော်ဘာအစေးလှီးခြင်းလုပ်ငန်း တွင်ကျယ်စွာဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်း တွင်ကျယ်စွာဆောင်ရွက်လျက်ရှိသည်။ ယခင်လများက ရော်ဘာအစေးလှီးခြင်း လုပ်ငန်းတွင် အရည်အသွေးပေါ်မူတည်၍ ရော်ဘာတစ်ပေါင်လျှင် ကျပ် (၁၃၀၀)မှ (၁၄၀၀)ထိရရှိကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် တပိုင်တနိုင်စိုက်ပျိုးထားသော ငှက်ပျောသီးများရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် တပိုင်တနိုင် စိုက်ပျိုးထားသော ငှက်ပျောပင်မှငှက်ပျောသီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအပိုဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် ငရုတ်ပင်များ တနိုင်တပိုင်စိုက်ပျိုး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများသည် မိမိတို့ခြံမြေများနှင့် အိမ်ခြံဝင်းများအတွင်းတွင် ရာသီနှင့်ကိုက်ညီသော ရာသီမရွေးစိုက်ပျိုးနိုင်သည့် စားဖိုချောင်သုံး ဟင်းသီး/ဟင်းရွက်ပင်များ အိမ်တိုင်းလိုလိုပင်စိုက်ပျိုးထားရှိကြရာ ငရုတ်ပင်များကိုလည်း တနိုင်တပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ မသန်စွမ်းအမျိုးအစားအလိုက် မှတ်ပုံတင်ထပ်မံရရှိသူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ထောက်ပံ့

ဘားအံမြို့နယ်အတွင်းရှိ မသန်စွမ်းအမျိုးအစားအလိုက် မှတ်ပုံတင်ရရှိသူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ယနေ့ နံနက် (၁၀)နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက် မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့်ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃) ရပ်ကွက်သို့ သွားရောက်ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့် ပတ်သက်သော အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြရာ သံတောင်ကြီး မြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုနိုဝင်ဘာလတွင် ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နေ့လယ်က ကျောင်းသူ/ ကျောင်းသားများ ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်