သံတောင်ကြီး နိုဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသူကျောင်းသားများ၊ ဒေသခံ ပြည်သူများက မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန် ယမန်နေ့နေ့လည် (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မြန်မာနိုင်ငံသို့ ဘိန်းစတင်ဝင်ရောက်လာပုံ၊ မူးယစ်ဆေးဝါး မသုံးစွဲမိစေရန် လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါး အမျိုး အစားများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကြိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ စသည့်အကြောင်းအရာများကို ပြသဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားများနှင့် လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာ လာရောက်ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသူ/ကျောင်းသားများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် နေ့ထူး နေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ(ပြန်/ဆက်)