သံတောင်ကြီး နိုဝင်ဘာ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နေ့လယ်က ကျောင်းသူ/ ကျောင်းသားများ ဘွဲကရင်ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် မိမိတို့၏ တိုင်းရင်းသားဘာသာစကားကို တန်ဖိုးထားတတ်စေရန်၊ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ စာဖတ်ခြင်း အလေ့အထများ ရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး ဘွဲကရင်ပုံပြင် ပြောပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၉)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ/ ကျောင်းသား(၁၀)ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၁) ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ