သံတောင်ကြီး နိုဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်း တွင်ကျယ်စွာဆောင်ရွက်လျက်ရှိသည်။ ယခင်လများက ရော်ဘာအစေးလှီးခြင်း လုပ်ငန်းတွင် အရည်အသွေးပေါ်မူတည်၍ ရော်ဘာတစ်ပေါင်လျှင် ကျပ် (၁၃၀၀)မှ (၁၄၀၀)ထိရရှိကြောင်း သိရသည်။
ယခုနိုဝင်ဘာလဆန်းမှစ၍ ရော်ဘာအစေးလှီးခြင်းလုပ်ငန်း လုပ်ကိုင်သူတောင်သူများ ပိုမိုများပြားထုတ်လုပ်လာ၍ ရော်ဘာဈေးနှုန်း အနည်းငယ်ကျဆင်းသွားသော်လည်း ရော်ဘာအစေးလှီးခြင်းလုပ်ငန်းသည် စိုက်ပျိုးသူ တောင်သူများအတွက် ပုံမှန်ဝင်ငွေရရှိခြင်းကြောင့် နေ့စဉ်ပုံမှန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ရော်ဘာတစ်ပေါင်လျှင် ကျပ်(၁၀၀၀)မှ(၁၂၀၀)အထိရရှိကြောင်း သိရသည်။
သံတောင်ကြီး(ပြန်/ဆက်)