လိပ်သို နိုဝင်ဘာ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက် မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့်ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃) ရပ်ကွက်သို့ သွားရောက်ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွားရောက်ငှါးရမ်းပေးခြင်းဆောင်ရွက်ရာတွင် လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများနှင့်ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာသယ်ဆောင်၍ Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းခဲ့ရာ တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အစားထိုးငှါးရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် လွယ်လင့်တကူစာပေဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်/ရပ်ကွက်များသို့ အပတ်စဉ်သွားရောက်၍ သုတ၊ ရသစာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)