ကရင်ပြည်နယ်

မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံး ဝန်ထမ်းမိသားစု ၁၉၀ ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပဉ္စမအကြိမ်) ထိုးနှံပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့အုပ်ချုပ်မှုလက်အောက်ရှိ မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ အမျိုးသားအဆင့်ကျန်းမာရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပဉ္စမအကြိမ်) ထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား (Cargo) ဘက်ခြမ်း၌ ကျင်းပသည်။

မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံး ဝန်ထမ်းမိသားစု ၁၉၀ ဦး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပဥ္စမအကြိမ်) ထိုးနှံပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့အုပ်ချုပ်မှုလက်အောက်ရှိ  မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ အမျိုးသားအဆင့်ကျန်းမာရေး ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး(ပဥ္စမအကြိမ်) ထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည် ရေးတံတား (Cargo) ဘက်ခြမ်း၌ ကျင်းပခဲ့သည်။

ဘားအံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကို ချစ်မြတ်နိုးတတ်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံမြို့၊ အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် (၁၁:၀၀) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေး (၁၅/၂၀၂၃) အား ပြုလုပ်ဆွေးနွေး

ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကာယဉာဏ စိတ်ဓာတ်စွမ်းရည်သတ္တိများ ဖြစ်ထွန်းခိုင်မာလာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ရည်ရွယ်ဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အဆင့်မြင့် အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သော သင်တန်းဆင်းပွဲ အခမ်းအနားမှ သိရသည်။

မြဝတီမြို့၌ ကျောင်းသားလူငယ်များ ပြင်ပအသိပညာ တိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာမူလတန်းလွန်ကျောင်း (မြဝတီ)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း (မဲ့ပလဲ့) တို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောသည်။

ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ရာသီပေါ်ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအပိုဝင်ငွေရရှိ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။

လိပ်သိုမြို့၌ ကျောင်းသား/ကျောင်းသူများအား  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကိုကျောင်းသား/ကျောင်းသူလူငယ်များသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  အခြေခံပညာ အထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ယနေ့နံနက်  ၉   နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့၌ ပဲတောင့်များစျေးကောင်း၍ ပဲတောင့်စိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည်အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကိုသာ အဓိကအား ထားလုပ်ကိုင်ကြပြီး မိုးအကုန်ဆောင်းအကူးတွင် ယင်းတို့၏ကိုင်း‌မြေများ၌ တိရစ္ဆာန်မှထွက်ရှိသည့် သဘာဝမြေသြဇာများကို အသုံးပြုလျက် ပဲတောင့်ရှည်များ စိုက်ပျိုးထားကြသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည်ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။
Subscribe to ကရင်ပြည်နယ်