ဘားအံ နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကို ချစ်မြတ်နိုးတတ်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံမြို့၊ အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် (၁၁:၀၀) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်စေရေးအတွက် စာပေများကို ဖတ်ရှုလေ့လာဖို့လိုကြောင်း၊ စာပေ၏အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ပြီး ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ ကျောင်းသား /ကျောင်းသူ (၁၀၀) ဦးခန့်က လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)