ရှမ်းရွာသစ် နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးလုပ်ငန်းတွင် လူကုန်ကူးမှုဖြစ် ပေါ်လာခြင်း၏ တွန်းအားပေးချက်များနှင့် ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများကို အသိပညာပေး ဟောပြောပြီးနောက် ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄)ရပ်၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိကဆွဲဆောင် သောအကြောင်းအရာများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့်ပြစ်မှု၊ပြစ် ဒါဏ်များစသည့် လူကုန်ကူးမှုဆိုင်ရာသိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)