မြဝတီ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်အစိုးရအဖွဲ့အုပ်ချုပ်မှုလက်အောက်ရှိ မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ အမျိုးသားအဆင့်ကျန်းမာရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပဉ္စမအကြိမ်) ထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား (Cargo) ဘက်ခြမ်း၌ ကျင်းပသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဆရာဝန် ဒေါက်တာ မျိုးသန့်ဇင်၏ ဦးဆောင်မှုဖြင့် သူနာပြုဆရာမများက ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အမှတ်(၂)ချစ်ကြည်ရေးတံတားနှင့် ကုန်သွယ်ရေးဇုန်တို့တွင် တာဝန်ထမ်းဆောင်နေသော ကာယ၊ ဉာဏဝန်ထမ်းမိသားစု ၁၉၀ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) မထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာခြင်းအပါအဝင် လိုအပ်သည့်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ အမျိုသားအဆင့်ကျန်းမာရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပဉ္စမအကြိမ်) ထိုးနှံပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်စိုးနှင့် လုပ်ငန်းခွင်ကြီးကြပ်သူများက ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)