မြဝတီ နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်အစိုးရအဖွဲ့အုပ်ချုပ်မှုလက်အောက်ရှိ မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ အမျိုးသားအဆင့်ကျန်းမာရေး ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး(ပဥ္စမအကြိမ်) ထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည် ရေးတံတား (Cargo) ဘက်ခြမ်း၌ ကျင်းပခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဆရာဝန် ဒေါက်တာမျိုးသန့်ဇင်၏ ဦးဆောင်မှုဖြင့် သူနာပြုဆရာမများက အမှတ်(၂)ချစ်ကြည်ရေးတံတားနှင့် ကုန်သွယ်ရေးဇုန် တို့တွင်တာဝန်ထမ်းဆောင်နေသောကာယ၊ ဉာဏဝန်ထမ်းမိသားစု ၁၉၀ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) မထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဓာတ်မတည့်သည့် ဆေး ရှိ/မရှိစစ်ဆေးမေးမြန်း ပြီးမှသာ ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးသည်။
ထိုသို့ အမျိုသားအဆင့်ကျန်းမာရေး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပဥ္စမအကြိမ်)ထိုးနှံပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်စိုးနှင့် လုပ်ငန်းခွင်ကြီးကြပ်သူများက ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း