ကရင်ပြည်နယ်

ပိုင်ကျုံမြို့ အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်၊   အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ  ၁  နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.လ.က-ဖားကပ်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး‌ဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည် မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်၍ ဇန်နဝါရီလ ၁၅ ရက်က အ.လ.က-ဖားကပ်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (ဆုံဆည်းမြိုင်)တွင် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင် အထူးဒေသ ဆုံဆည်းမြိုင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အား ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန်းစားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား ယနေ့နံနက် ၉ နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ပညာရေးစုံညီပွဲတော်ကျင်းပ

ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္ထကောင်းမွန်သော ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရေး ကရင်ပြည်နယ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးအသိပညာပေး လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါ ကြိုတင်ကာကွယ်ရေးတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အသစ်တွေ့ရှိသော ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါအကြောင်း  ကျောင်းသား/သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အသက်(၅၀)နှစ်အထက် နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer) ပဥ္စမအကြိမ် စတင်ထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer)ကို ယနေ့နံနက်(၁၁)နာရီအချိန်က လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံး၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပညာရေးစုံညီပွဲတော်ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ကရင်ပြည်နယ်