ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်  ဇန်နဝါရီ  ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါ ကြိုတင်ကာကွယ်ရေးတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အသစ်တွေ့ရှိသော ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါအကြောင်း  ကျောင်းသား/သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက အသစ်တွေ့ရှိသော ကိုဗစ်-၁၉ရောဂါဗီဇပြောင်းမျိုးကွဲ JN -1သည် EG-5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေဂထိခိုက်မှု အန္တရာယ်နည်းပါးကြောင်း၊ ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပြန့်နှံ့မှုမြင့်တက်သော်လည်းရောဂါပြင်းထန်မှု မရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှကာကွယ်ရန် ထိရောက်မှုရှိသည့်အတွက် ကာကွယ်ဆေးများကို ထိုးနှံရန်လိုအပ်ကြောင်း စသည်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အကြောင်းအရာများကို ကျောင်းသား/သူများအား အသိပညာပေးဟော ပြောခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ရောဂါကာကွယ်ရန်နည်းလမ်းများ၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားပါက ဆောင်ရန်၊ ရှောင်ရန်အချက်များ စသည့် အကြောင်းအရာများပါဝင်သော နံရံကပ်စာစောင်များပြသဆောင်ရွက်ထားရာ အမှတ်(၂)ရပ်ကွက်မှ မူလတန်းအဆင့်ကျောင်းသား/သူ (၂၀) ဦးတို့က စိတ်ဝင်စားစွာကြည့်ရှု လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)