ပိုင်ကျုံမြို့ အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ပိုင်ကျုံ ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်၊   အ-မ-က နို့ထို့ခေးကျောင်း၌ ၂၀၂-၂၀၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပိုင်ကျုံမြို့ အ-ထ-က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပညာရည်ချွန်ဆုချီးမြှင်ရခြင်း၏ ရည်ရွယ်များ ကျောင်းသား/သူများ ဆရာ/မများ ကျောင်းသားမိဘများနှင့်ရပ်မိရပ်ဖများ လိုက်နာဆောင်ရွက်သင့်သည် အချက်များဖြင့် အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂-၂၀၂ပညာသင်နှစ်တွင် အောင်မြင်စွာ ဖြေဆိုနိုင်သည့်  ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆုများ အသီးသီးပေးအပ်ခဲ့ပြီးနောက် အ-မ-က နို့ထို့ခေးကျောင်းမှ ကျောင်းအုပ်ဆရာ ကြီးက ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်

ထို့နောက် အ-မ-က နို့ထို့ခေးကျောင်းမှ  ကျောင်းသား/သူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိသူများကို အကအလှ သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)