ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေးရေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့မှ ကျောင်းသားလူငယ်များ ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများကို အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်၍ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် အသိပညပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။