လှိုင်းဘွဲ ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer)ကို ယနေ့နံနက်(၁၁)နာရီအချိန်က လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံး၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer) ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer)ကို စတင်ထိုးနှံပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်း စုစုပေါင်း(၁၅၀)ဦးကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အမျိုးအစားများအလိုက် စတုတ္ထအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ပြီး ယခုအကြိမ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer)ကို ပဥ္စမအကြိမ်မြောက် ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)