ကရင်ပြည်နယ်

သံတောင်ကြီးဒေသထွက် လက်ဖက်ခြောက်များ ပုံမှန်ဈေးနှုန်းရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ပိုင်ကျုံမြို့ အ-ထ-က ကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့ ဒေသထွက်ကြံသကာများ အရည်အသွေးအနည်းငယ်ကျဆင်းမှုကြောင့် အရောင်းအဝယ်နည်းပါး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကြံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဒေသထွက် သဘာဝစစ်စစ် တပိုင်တနိုင်ကြံသကာချက်လုပ် ရောင်းချခြင်းများ နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် မိုးများစွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများကြောင့် ကြံများ ယခင်နှစ်ထက် အရည်အသွေးအနည်းငယ်ကျဆင်းခဲ့ပြီး အရောင်းအဝယ်နည်းပါးလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ ဒေသထွက် ကျောက်ဖရုံသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှာ တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဥယျာဉ်ခြံလုပ်ငန်းအပြင် တောင်ယာလုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်ကြရာ တောင်ယာခင်းများတွင် သီးညှပ်စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အသက်(၅၀)နှစ်အထက် နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer)ပဉ္စမအကြိမ်စတင်ထိုးနှံ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်အသက် (၁၈)နှစ်အထက် နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)စတင် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က  ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လမ်းဦးစီးဌာနမှ သံမိုးတောင်-ပိန်းသီလာလမ်းပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် လမ်းများ ကာလတာ ရှည်ခံအသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ သံမိုးတောင်-ပိန်းသီလာ လမ်းပိုင်းရှိ လိုအပ် သောနေရာများတွင် Box Culvert (တံတားငယ်လေး)များ (၄) ခု အသစ်တည်ဆောက်ပေးခြင်း၊ လမ်းပေါက်များ ဖာထေးခြင်း၊ ရေပိတ်လွှာ နိမ့်မြင့်ညှိ ကတ္တရာခင်းခြင်းလုပ်ငန်းများမှာ ယခုအခါ ပြီးစီးသွားပြီဖြစ်၍ ဒေသနေပြည်သူများ သွားလာသယ်ယူပို့ဆောင်မှု ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ စိုက်ပျိုးထားသည့် ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းကာ ရောင်းချချိန်၌ စျေးကောင်းရရန် တောင်သူများမျှော်လင့်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မိမိပိုင်ခြံမြေများတွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်အတွင်း စိုက်ပျိုးထားသည့်ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အတွက် ရောင်းချချိန်တွင် စျေးကောင်းရရှိရန် မျှော်လင့်ကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။

စုကလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

စာအုပ် စာပေများဖတ်ရှုလေ့လာပြီး အသင်းအဖွဲ့အစည်းများဖြင့်  ပြန်လည်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍  ဝါသနာတူ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဦးဆောင်၍  စာဖတ်ဝိုင်းအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် စာရေးဆရာ နန္ဒာမွှန်း ရေးသားသည့် သတင်းစာထဲက ဆောင်းပါးများ ဆောင်းပါးထဲက သတင်းများ  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ အ.မ.က တနင်းသရောကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  မဲပရကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၊ အ.မ.က တနင်းသရောကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်