ကရင်ပြည်နယ်

ပိုင်ကျုံမြို့ အ.မ.က (ကလာဒေး) ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ.မ.က (ကလာဒေး)ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး  စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသော “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်ခြံဝင်းအတွင်း ဂွေးချိုသီးပင်များ တနိုင်တပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ အပူချိန်မြင့်သောကျေးရွာများရှိ စိုက်ပျိုးရေးကို စိတ်ဝင်စားသော ဒေသခံအချို့မှာ ဂွေးချိုသီးပင်များကို အိမ်ခြံဝင်းအတွင်း စမ်းသပ်စိုက်ပျိုးလာရာမှ မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို ယနေ့ နံနက် ၉  နာရီအချိန်က အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့် စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့် အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက် နေ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

လိပ်သိုမြို့တွင် တိုင်းရင်းသားစာပေဆရာဖြစ်သင်ကြားခြင်း (ဆင့်ပွား)သင်တန်းပိတ်ပွဲ အခမ်းအနားပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ ဦးစီးပြုလုပ်သော တိုင်းရင်းသားစာပေသင်ကြားခြင်း ဆရာဖြစ်သင်တန်း(ဆင့်ပွား) သင်တန်းပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁:၀၀)နာရီက လိပ်သိုမြို့ကက်သလစ်ဓမ္မရုံ၌ပြုလုပ်ရာ ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ နည်းပြဆရာမများ၊ သင်တန်းသား ဆရာ/မများစုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ မိကြောင်းကျေးရွာ မူလွန်(မိကြောင်)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာ‌ရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိကြောင်းကျေးရွာအုပ်စု၊ မိကြောင်းကျေးရွာ၊ မူ(လွန်)မိကြောင်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာ‌ရေးစုံညီပွဲ‌ တော်အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကြည့်ရှုအားပေး

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။

သံတောင်ကြီးမြို့နယ်တွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကိုယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်