ပိုင်ကျုံ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၊ အ.မ.က တနင်းသရောကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ်၊ မြို့နယ်လက်ထောက်ပညာရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ပညာရေးကိစ္စရေးဆိုင်ရာကိစ္စရပ်များကို အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်း အုပ်ဆရာမကြီးမှလည်းကောင်း၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများလိုက်နာဆောင် ရွက်ရမည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို ပိုင်ကျုံမြို့၊ နယ်မြေရဲစခန်းမှူးမှလည်းကောင်း အသီးသီးအမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆုရကျောင်းသား/သူများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေ ဆိုအောင်မြင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အ.မ.ကတနင်းသရောကျောင်းမှ ဆရာ/မများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်အခမ်းအနားတွင် တက်ရောက်လာကြသည့်တာဝန်ရှိသူများကို ကျောင်းသား/သူလေးများက အကအလှသရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)