ရှမ်းရွာသစ် ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကြည်ကြည်သန့်က ကျောင်းသား/သူလေးများအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို အစဉ်အမြဲအောက်မေ့သတိရစေရန်၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်နှင့် ပြိုင်ပွဲ၏စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မု့န်စားပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/သူများက ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ဆုရရှိသူများကိုလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရဿည်။
ဇင်လေး(ပြန်/ဆက်)