ကရင်ပြည်နယ်

မြဝတီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲကနယ်ကျေးရွာအုပ်စု၊ မဲကနယ်တိုးချဲ့ကွက်သစ်၊ အပြင်မဲကနယ်၊ ဖလူးကျေးရွာအုပ်စုတို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့ပေါ်ရပ်ကွက် စုရပ်ငါးခုဖြစ်သည့် ချမ်းမြေ့ကျောင်းတိုက်၊ စိန်ရောင်ခြည်ကျောင်းတိုက်၊ ဓမ္မံရန်အောင်ကျောင်းတိုက်၊ အပြင်မဲကနယ်မင်္ဂလာဦးကျောင်းတိုက်နှင့် မင်းလက်ပံကျေးရွာ ကျောင်းတိုက်တို့၌ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ပေးအပ်သည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထောင်ဝိကွင်း ကုန်ထုတ်လမ်း ဖွင့်လှစ်

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်းအမှတ်(၁၁၈၄)ကုန်ထုတ်လမ်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းမုခ်ဦး တည်နေရာ၌ ကျင်းပခဲ့သည်။

ဘားအံတက္ကသိုလ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌  (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ ကြည့်ရှုအား ပေးခဲ့ကြ ကြောင်း သိရသည်။

လိပ်သိုဒေသတွင် နနွင်းဈေးကောင်းနေ၍ တူးဖော်ရောင်းချသူဒေသခံများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများသည် ယခင်က နနွင်းကို မိမိတို့ မိသားစုစားသုံးရန် တနိုင်တပိုင် စိုက်ပျိုးခဲ့ကြရာမှ နနွင်းဈေးကောင်းလာခြင်း၊ ဝယ်ယူသိုလှောင်ရောင်းချသူ များပြားလာခြင်း၊ ဒေသတွင်းစိုက်ပျိုးရန် မြေဆီလွှာနှင့် ကိုက်ညီမှုရှိခြင်းတို့ကြောင့် တွင်ကျယ်စွာ စိုက်ပျိုးလာကြသည်။၊

သံတောင်ကြီးဒေသတွင် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီးစသည့် နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း သိရသည်။

လိပ်သိုမြို့တွင် ရော်ဘာဈေး တစ်ပေါင်လျှင် (၁၅၀ဝိ/-) ကျပ်အထိ ဈေးရရှိလာ

ရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသော ကျေးရွာများမှ ခြံပိုင်ရှင်များအနေဖြင့် အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခြံကလေး-ရွှေမြင့်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘားအံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ခြံကလေး-ရွှေမြင့်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ခြံကလေး ကျေးရွာရှိ အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။

ထိုင်းနိုင်ငံမှ ဈေးကောင်းပေး၍ ဝယ်ယူနေသော ဆေးရွက်ကြီး စိုက်ခင်းစိုက်ပျိုးသူများနှင့် တွေ့ဆုံခြင်း

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာတွင် တပိုင်တနိုင် စီးပွားရေးအဖြစ် မြန်မာ့ဆေးရွက်ကြီး ဒေသအခေါ် ဓားလှီးဆေးများအား ထိုင်းနိုင်ငံမှ ဈေးကောင်းပေး၍ ဝယ်ယူကြရာ ဝင်ငွေကောင်းသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပြောင်းလဲထိုးနှံပေးမည်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ    ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကျပန်းပြိုင်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကျပန်းပြိုင်ပွဲကို သဇင်ဆောင်ခန်းမ၌ ယနေ့နံနက်  ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်