ပိုင်ကျုံမြို့ အ-ထ-က ကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ

ပိုင်ကျုံ ဇန်နဝါရီ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲတွင် အိတ်စွပ်၊ ဆန်ကောရွက်၊ အပ်ချည်ထိုး၊ လွန်ဆွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများပါဝင်ပြီး မြို့အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည့် KG တန်းမှ Grade-11 ထိ ကျောင်းသား/သူများများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

နော်ခူးခူး(ပြန်/ဆက်)