သံတောင်ကြီး ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်အသက် (၁၈)နှစ်အထက် နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)စတင် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer)ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာ ဇေယျာဦးက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက်နိုင်ငံ့ဝန်ထမ်းမိသားစဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (pfizer) ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအမျိုးအစားများအလိုက် စတုတ္တအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာယခုအကြိမ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer)ကို ပဉ္စမအကြိမ်မြောက်ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ထံမှ သိရသည်။
နော်နော်မူ