ကရင်ပြည်နယ်

ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေးပိုမိုအဆင်ပြေ လွယ်ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

စုကလိမြို့တွင် တောင်ယာငရုပ်သီးများ အရည်အသွေးပြည့်မီ၍ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် စိုက်ပျိုးထားရှိသော ငရုပ်သီးများ ထွက်ရှိချိန်တွင် အရည်အသွေးပြည့်မီသဖြင့် ဝယ်သူအကြိုက်တွေ့ပြီး ယခုနှစ်တွင် ဈေးကောင်းရရှိကြောင်း သိရသည်။ ရေခံမြေခံ ကောင်းမွန်ပြီး စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး အစေ့ထုတ်ပြောင်း၊ စပါး၊ ဒေသအခေါ်တောင်ယာငရုပ်သီးများ အဓိက အသက်မွေးဝမ်းကြောင်း ပြုလုပ်သော မြို့ဖြစ်သည်၊၊

ပိုင်ကျုံမြို့  မူ(လွန်)မိကြောင်ကျောင်း၌  အသိပညာပေး ဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ မိကြောင်ကျေးရွာအုပ်စု မူ(လွန်)မိကြောင်ကျောင်း၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည် မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် ရှေးဟောင်းသမိုင်းဝင် ညီနောင်သုံးဆူဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေးအကြို ညှိနှိုင်းအစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ရှေးဟောင်းသမိုင်းဝင် ညီနောင်သုံးဆူ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့က ဝင်းစိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ် နှစ်အောက်ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍  ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ အောက်မေ့အမှတ်ရစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုစုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့(၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုစုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် အထောက် အကူပြုလုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer)   ဆက်လက်ထိုးနှံ ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက  ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို  ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏အန္တရာယ် ကြီးမားပုံကို  မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို  မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်  ၁၁   နာရီအချိန်က ပြုလုပ်ခဲ့သည်။

မြဝတီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲကနယ်ကျေးရွာအုပ်စု၊ မဲကနယ်တိုးချဲ့ကွက်သစ်၊ အပြင်မဲကနယ်၊ ဖလူးကျေးရွာအုပ်စုတို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့ပေါ်ရပ်ကွက် စုရပ်ငါးခုဖြစ်သည့် ချမ်းမြေ့ကျောင်းတိုက်၊ စိန်ရောင်ခြည်ကျောင်းတိုက်၊ ဓမ္မံရန်အောင်ကျောင်းတိုက်၊ အပြင်မဲကနယ်မင်္ဂလာဦးကျောင်းတိုက်နှင့် မင်းလက်ပံကျေးရွာ ကျောင်းတိုက်တို့၌ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ပေးအပ်သည်။
Subscribe to ကရင်ပြည်နယ်