လိပ်သိုဒေသတွင် နနွင်းဈေးကောင်းနေ၍ တူးဖော်ရောင်းချသူဒေသခံများ အဆင်ပြေ

လိပ်သို  ဇန်နဝါရီ  ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများသည် ယခင်က နနွင်းကို မိမိတို့ မိသားစုစားသုံးရန် တနိုင်တပိုင် စိုက်ပျိုးခဲ့ကြရာမှ နနွင်းဈေးကောင်းလာခြင်း၊ ဝယ်ယူသိုလှောင်ရောင်းချသူ များပြားလာခြင်း၊ ဒေသတွင်းစိုက်ပျိုးရန် မြေဆီလွှာနှင့် ကိုက်ညီမှုရှိခြင်းတို့ကြောင့် တွင်ကျယ်စွာ စိုက်ပျိုးလာကြသည်။၊

နနွင်းကို ဒေသခံများက မိုးဦးမကျမီ တောင်ယာခင်းများ ခုတ်ထွင်ရှင်းလင်း မီးရှို့ပြီးစိုက်ပျိုးကြကာ ဆောင်းတွင်းကာလ ဇန်နဝါရီလမှ စတင်၍ တူးဖော်ရောင်းချကြကြောင်း၊ နနွင်းကို အစားအသောက်များ အရောင်တင်ရန်နှင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ဟင်းသီးဟင်းရွက် ဆိုးဆေးအဖြစ်လည်းကောင်း၊ မျက်နှာအလှကို ပြုပြင်ရန်နှင့် အသားလှ လိမ်းဆေးအဖြစ်လည်းကောင်း အသုံးပြုနိုင် ကြောင်း  သိရသည်။

လိပ်သိုမြို့ပေါ်ရှိ နနွင်းအဝယ်ဒိုင်များက ဇန်နဝါရီလ စတုတ္ထအပတ်တွင် နနွင်းအစို တစ်ပိဿာလျှင် (၆၀ဝိ/-)ကျပ် အခြောက်တစ်ပိဿာလျှင် (၅၀၀ဝိ/-) ကျပ်ဖြင့် ဝယ်ယူနေကြသဖြင့် နနွင်းတူးဖော်ရောင်းချသူ ဒေသခံများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)