လိပ်သိုမြို့တွင် ရော်ဘာဈေး တစ်ပေါင်လျှင် (၁၅၀ဝိ/-) ကျပ်အထိ ဈေးရရှိလာ

လိပ်သို  ဇန်နဝါရီ  ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသော ကျေးရွာများမှ ခြံပိုင်ရှင်များအနေဖြင့် အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။

ရော်ဘာလုပ်ငန်းများမှ ထွက်ရှိလာသော ရော်ဘာပြားများကို အခြောက်ခံခြင်း၊ မှိုင်းခံခြင်းများပြုလုပ်ပြီး မိမိတို့ကျေးရွာများရှိ ဝယ်ယူသူများနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ရော်ဘာအဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချကြကာ ဈေးနှုန်းမှာ ရော်ဘာပြား အရည်အသွေး ပေါ်မူတည်၍ ရော်ဘာတစ်ပေါင်လျှင် ကျပ် (၁၄၀ဝိ/-)မှ (၁၅၀ဝိ/-) အထိ ဈေးရရှိသဖြင့် ခြံပိုင်ရှင်များနှင့် ရော်ဘာစေးလှီး‌ ရော်ဘာပြားထုတ်လုပ်ပေးသူ လုပ်သားများက စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရော်ဘာပြားများမှာ ယခင်နှစ်က တစ်ပေါင်လျှင် ကျပ် (၁၃၀ဝိ/-) မှ  (၁၄၀ဝိ/-) ခန့်အထိသာ ဈေးရရှိခဲ့ပြီး ယခုနှစ်တွင် ဈေးပိုမိုရရှိလာသောကြောင့် ရော်ဘာအစေးလှီးခြင်းကို ရပ်နားထားသော ခြံပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ခြံ၌ လုပ်ကိုင်ဆောင်ရွက်ပေးမည့် လုပ်သားများ ရှာဖွေလျက်ရှိကြောင်း သိရသည်။ လိပ်သိုဒေသတွင် နှစ်ရှည်သီးနှံပင်များအနက် ရော်ဘာစိုက်ပျိုးခြင်းကိုလည်း အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)