ပိုင်ကျုံ ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၏ ကြီးကြပ်မှုဖြင့်ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များ ား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်( ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ ဂျိုက်သိုးရောဂါစသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့သည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောင့်မှုများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကျေးလက်လက်ကျန်းမာရေးဌာနတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်းကို ယခင်လများတွင်လစဉ် ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် ပုံမှန်ဆောင်ရွက်ပေးခဲ့ရာ ဖေဖော်ဝါလမှ စ၍ လစဉ် ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ပြောင်းလဲ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက် ကျန်းမာရေးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)