(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထောင်ဝိကွင်း ကုန်ထုတ်လမ်း ဖွင့်လှစ်

ဘားအံ ဇန်နဝါရီ ၃၁

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်းအမှတ်(၁၁၈၄)ကုန်ထုတ်လမ်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းမုခ်ဦး တည်နေရာ၌ ကျင်းပခဲ့သည်။

ကုန်ထုတ်လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်ပေးသည့် ကုန်ထုတ်လမ်းသည် နိုင်ငံတော်အစိုးရ၏မူဝါဒ၊ လမ်းညွှန်ချက်များအနက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသည့်လုပ်ငန်း စဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်၊ မိမိတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လိုစိတ်များ မွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန် အကျိုးရှိရှိအသုံးပြုကြရန်နှင့် ဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင် ခေတ်မီသည့်စံပြကျေးရွာ များဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ကုန်ထုတ်လမ်းလုပ်ငန်းများနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူးက ကုန်ထုတ်လမ်းဖွင့်ပွဲအထိမ်း အမှတ် အလံငယ်နှင့် အမှတ်တရလက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထောင်ဝိကွင်းကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယနေ့ဖွင့်လှစ်သည့်ကုန်ထုတ် လမ်းသည် စိုက်ဧက ၃၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ(၁၃၅ ဒဿမ ၁၃၅)သန်းဖြင့် အရှည်(၅၂၈၀)ပေ၊ အကျယ်(၁၆)ပေ၊ ထု (၃ပေ၉လက်မ)၊ Box Culvert (၃)စင်းတို့ကို ၁၀၀ ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း(၃၆)လမ်း၊ လမ်းအရှည်မိုင်ပေါင်း ၂၉ မိုင် ၇ ဒဿမ ၆ ဖာလုံ၊ ကျေးလက်ကုန်ထုတ်တံတား (၇၁)စင်း အရှည်ပေပေါင်း(၄၇၂)ပေ၊ ကျေးလက်ရေပေးဝေရေး လုပ်ငန်း ၄၆ ခု၊ ဆီထွက်သီးနှံဧရိယာ(၂)ခုတွင် စိုက်ပျိုးရေရရှိရေးလုပ်ငန်း(၅)ခု၊ စီမံကိန်းလုပ်ငန်းများ အနေဖြင့် VDP စီမံကိန်း ၄၂၅ ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၃၃၈)ရွာ၊ ခေတ်မီစံပြကျေးရွာ စီမံကိန်း(၆)ရွာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပရာ လှမ်းစို့တူညီ ဘားအံတက္ကသိုလ်ဆီ တေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးအတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးသကဲ့သို့ ဉာဏစွမ်းရည်တိုးတက်စေရန် ကျပန်းစကားပြောပြိုင်ပွဲများ စကားရည်လု ပြိုင်ပွဲများနှင့် စကားဝိုင်းဆွေးနွေးပွဲများကို ပညာသင်ကာလအလိုက်ကျင်းပပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင် သည့်အတွက် ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း စဉ်ဆက်မပြတ်ပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။

ထို့နောက် ဘားအံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်က အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြပြီး ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူ ၈ ဦးက မဲနှိုက်၍ ကျရာခေါင်းစဉ်များကို ပြောဆိုယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူလေးများက အသီးတစ်ရာအညှာတစ်ခု တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အထူးဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)